၂၀၂၀ မြန်မာ့အထွေထွေရွေးကောက်ပွဲ အနိုင်ရပါတီရလဒ်များ

ပြည်သူ့လွှတ်တော်

NLD ၂၅၈ ဦး
USDP ၂၆ ဦး
SNLD ၁၃ ဦး
ANP ၄ ဦး
အခြားပါတီများ ၁၄ ဦး

ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အရေအတွက်အပေါ်တွင် အခြေခံကာ တွက်ယူထားခြင်းဖြစ်သည်။ ရွေးကောက်ပွဲမကျင်းပနိုင်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၅ နေရာရှိသည်။

အမျိုးသားလွှတ်တော်

NLD ၁၃၈ ဦး
USDP ၇ ဦး
SNLD ၂ ဦး
ANP ၄ ဦး
အခြားပါတီများ ၁၀ ဦး

ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အရေအတွက်အပေါ်တွင် အခြေခံကာ တွက်ယူထားခြင်းဖြစ်သည်။ ရွေးကောက်ပွဲမကျင်းပနိုင်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၇ နေရာရှိသည်။

ပြည်ထောင်စုလွှတ်တော်

NLD ၃၉၆ ဦး
USDP ၃၃ ဦး
SNLD ၁၅ ဦး
ANP ၈ ဦး
အခြားပါတီများ ၂၄ ဦး

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ၂ရပ်ပေါင်းကို ပြည်ထောင်စုလွှတ်တော်ဟု ခေါ်သည်။ ပါတီတစ်ခုတည်းမှ အစိုးရဖွဲ့နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်းကျော်ဖြစ်သည့် အမတ် ၃၂၂ နေရာ အနိုင်ရရှိရန်လိုသည်။ ထို့ကြောင့် ပါတီတစ်ခုတည်းမှ အစိုးရဖွဲ့နိုင်ရန်အတွက် ယခုကျင်းပသည့် ၂၀၂၀ရွေးကောက်ပွဲတွင် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ၂ရပ်စလုံး၏ ၆၈ ရာခိုင်နှုန်းခန့် (၃၂၂ ဦး) အနိုင်ရရှိရန် လိုအပ်သည်။

အနိုင်ရရှိသည့် လွှတ်တော်အမတ်များ၏ ခိုင်လုံမဲရလာဒ်များမှာ UEC, နိုင်ငံရေးပါတီများနှင့် မီဒီယာများမှ တဆင့်ရယူထားခြင်းဖြစ်သည်။ အငြင်းပွားမှုများရှိပါက UEC ၏ ရလာဒ်သည်သာ အတည်ဖြစ်သည်။