ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အရေအတွက်အပေါ်တွင် အခြေခံကာ တွက်ယူထားခြင်းဖြစ်သည်။ ရွေးကောက်ပွဲမကျင်းပနိုင်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၅ နေရာရှိသည်။
ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အရေအတွက်အပေါ်တွင် အခြေခံကာ တွက်ယူထားခြင်းဖြစ်သည်။ ရွေးကောက်ပွဲမကျင်းပနိုင်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၇ နေရာရှိသည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ၂ရပ်ပေါင်းကို ပြည်ထောင်စုလွှတ်တော်ဟု ခေါ်သည်။ ပါတီတစ်ခုတည်းမှ အစိုးရဖွဲ့နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်းကျော်ဖြစ်သည့် အမတ် ၃၂၂ နေရာ အနိုင်ရရှိရန်လိုသည်။ ထို့ကြောင့် ပါတီတစ်ခုတည်းမှ အစိုးရဖွဲ့နိုင်ရန်အတွက် ယခုကျင်းပသည့် ၂၀၂၀ရွေးကောက်ပွဲတွင် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ၂ရပ်စလုံး၏ ၆၈ ရာခိုင်နှုန်းခန့် (၃၂၂ ဦး) အနိုင်ရရှိရန် လိုအပ်သည်။